လ - ဧပြီ 2019

မနေ့ကနှင့်မတူ

ကျွန်တော်တို့၏မြေးလေး ဂျေး ငယ်စဉ်က သူ့မွေးနေ့တွင် မိဘများက သူ့ကို တီရှပ် တစ်ထည် လက်ဆောင်ပေးရာ သူက ချက်ခြင်းပင် ဂုဏ်ယူပျော်ရွှင်စွာ လဲဝတ်ပြီး တစ်နေ့လုံး ဝတ်ထားခဲ့သည်။

နောက်တစ်နေ့တွင် ထိုတီရှပ်ကို ဝတ်ထားဆဲဖြစ်ရာ သူ့ဖခင်က “ဂျေး ဒီအင်္ကျီက သားကို တကယ်ပဲ ပျော်ရွှင်စေသလား” ဟုမေးလိုက်သည်။

“မနေ့ကလိုတော့ မပျော်တော့ဘူး” ဂျေးက ဖြေသည်။

၎င်းသည် ပစ္စည်းဥစ္စာရှာဖွေ စုဆောင်းခြင်း၏ ပြဿနာဖြစ်သည်။ ဘဝ၏ကောင်းသောအရာ စည်းစိမ်များ ပင်လျှင် ကျွနု်ပ်တို့ အလွန်အမင်းတောင့်တသည့် နက်နဲ တည်မြဲသော ပျော်ရွှင်မှုကို မပေးနိုင်ပါ။ မိမိ၌ ပိုင်ဆိုင်မှု စည်းစိမ်များစွာ ရှိလင့်ကစား မပျော်မရွှင်ဖြစ်နေဦးမည်ပင်။

အဝတ်သစ်၊ ကားအသစ်၊ ဖုန်းအသစ်၊ နာရီအသစ် စသည့် ပစ္စည်းများ စုဆောင်းပိုင်ဆိုင်လျှင် ပျော်ရွှင်မည်ဟု လောကကြီးက သွေးတိုးစမ်းသည်။ သို့သော် မည်သည့် စည်းစိမ်ကမှ…

အငယ်ဆုံးသောသူကို အစေခံခြင်း

ဗီဒီယိုတွင် လူတစ်ဦးသည် ထိန်းမရသည့် တောမီးလောင်နေချိန်တွင် လမ်းမကြီးဘေး တစ်နေရာ၌် ဒူးထောက်လျက် တစ်စုံတစ်ရာကို လက်ခုပ်တီးခေါ်နေသည်။ ဘာများ ဖြစ်မည်နည်း။ ခွေးများလား။ နောက်မှ ယုန်လေးတစ်ကောင် ခုန်ထွက်လာပြီး ကြောက်ရွံ့နေသည့် ယုန်လေးကို သူပွေ့ပိုက်လျက် သန့်စင်ပေးပြီးနောက် ဘေးကင်း လုံခြုံရာသို့ ခေါ်ဆောင်သွားတော့သည်။

ဘာမဟုတ်သည့် ယုန်လေးကို ကယ်လိုက်သည့် သတင်းက အဘယ်ကြောင့် သတင်းထူး ဖြစ်ရသနည်း။ သေးငယ်သောသတ္တဝါလေးများအပေါ် ကရုဏာထား သနားခြင်းအကြောင်းက ချစ်စရာတစ်မျိုးကောင်းသည်။ ဒါပါဘဲ။ အငယ်ဆုံးသောသတ္တဝါအပေါ် ကြင်နာသနား နိုင်ရေးက နှလုံးသားကျယ်ဝန်းရန်လိုသည် မဟုတ်ပါလား။

ဘုရားသခင်၏နိုင်ငံတော်သည် ကြီးစွာသော စားပွဲကို ပြင်ဆင်ပြီး လာလိုသူတိုင်းကို နေရာပေးသည့် လူတစ်ဦးနှင့်တူကြောင်း သခင်ယေရှုမိန့်ကြားသည်။ အထင်ကရ ပေါ်လွင်သူများသာမက “ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်း
သောသူ၊ မျက်စိကန်းသောသူများ”လည်း ဖိတ်ကြားခံရသည် (လု ၁၄း၂၁)။ အားနည်းသူနှင့် အရေးမပါသူများဟု ထင်မြင်ရသူများကို…

အလင်းကို တွေ့မြင်ခြင်း

လော့စ်အိန်ဂျလိစ်လမ်းမထက်၌ အိမ်ယာမဲ့သူတစ်ဦးသည် ဆေးစွဲသည့်ဘဝနှင့် ရုန်းကန်ရင်း The Midnight Mission ရုံးခန်းသို့ ရောက်လာပြီး အကူအညီတောင်းခံ ခဲ့သည်။ သို့နှင့် ဘရိုင်ယန်၏ ပြန်လည်ကောင်းမွန်သည့်ဘဝခရီးရှည် စတင်ခဲ့တော့သည်။

ထိုကြားကာလတွင် သူသည် တေးဂီတကို နှစ်သက်ကြောင်း ဘရိုင်ယန် ပြန်မြင်လာသည်။ နောက်ဆုံး အိမ်ယာမဲ့သူများအတွက် ဝန်တာထားသည့် ဂီတပညာရှင်များနှင့်ဖွဲ့စည်းထားသော “Street Symphony - လမ်းမထက်က တီးဝိုင်း” အဖွဲ့သို့ ဝင်ရောက်ပါဝင်ခဲ့သည်။ ထိုအဖွဲ့မှ ဘရိုင်ယန်အား “Handel’s Messiah” အယ်လ်ဘမ်မှ “The People That Walked in Darkness - အမှောင်ထဲ၌ ကျင်လည်နေသူများ” သီချင်းကို တစ်ကိုယ်တော် သီဆို စေသည်။ ဣသရေလလူတို့၏သမိုင်း၌ အမှောင်ကျခဲ့သည့် ခေတ်ကာလအတွင်း ပရောဖက်ဟေရှာယ ရေးသားသည့်အတိုင်း “မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍…

အားသစ်လောင်းသည့် ခွန်အား

ကျွန်ုပ်အသက် ၅၄ နှစ်တွင် ပန်းတိုင်အရောက်ပြေးရန်နှင့် ၅ နာရီအတွင်း ပန်းဝင်ရန် ရည်မှန်းချက် ၂ ချက်ဖြင့် မီဝေါကီးမာရသွန် အပြေးပြိုင်ပွဲဝင်ခဲ့သည်။ ဒုတိယ ၁၃.၁ မိုင်ကို ပထမတစ်ပိုင်းကဲ့သို့ ချောမွေ့စွာ ပြေးနိုင်ခဲ့လျှင် ကျွန်ုပ်၏စံချိန်က အံ့မခန်း ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သို့သော် ပြိုင်ပွဲက အလွန်ခက်ခဲပင်ပန်းခဲ့ပြီး ကျွန်ုပ်မျှော်လင့်သည့် ပြန်လည်ဆန်းသစ်သည့် ခွန်အား မရှိခဲ့ပါ။ ကျွန်ုပ်ပန်းဝင်ချိန်၌ ကျွန်ုပ်၏ပုံမှန်ခြေလှမ်းက အလွန်နာကျင်သောခြေလှမ်း ဖြစ်ခဲ့သည်။

ပြန်လည်ဆန်းစစ်သည့် ခွန်အားကို ခြေလျင်အပြေး ပြိုင်ပွဲများတွင်သာ လိုအပ်သည် မဟုတ်ပါ။ ဘဝပြိုင်ပွဲများ တွင်လည်း လိုအပ်ပါသည်။ ပင်ပန်းနွမ်းလျသူများအနေဖြင့် သည်းခံနိုင်ရေး ဘုရားသခင်၏ခွန်အားပေးမစမှုကို လိုအပ် သည်။ ဟေရှာ ၄၀း၂၇-၃၁ တွင် ရှေ့ဆက်သွားရန် ခွန်အားလိုနေသူများကို နှစ်သိမ့်ရန်နှင့် အားပေးနိုးဆော်ရန် ပရောဖက်ပြုချက်ကို ကဗျာဆန်ဆန် လှပစွာ ဖွဲ့နွဲ့ရေးဖွဲ့ထားသည်။ ဟေရှာယက မောပန်းနွမ်းနယ်လျက်…